အကျဉ်းသားကား ရမ်းကားမောင်းနှင် နေသောကြောင်း ပြည်သူများ ထိတ်လန့်

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ခရိုင်တရားရုံးသို့  ဘူးသီးတောင် အကျဉ်းထောင် မှ အကျဉ်းသားများကို ခေါ်ဆောင်လာသော ကားသည် မောင်တောမြို့အတွင်း အရှိန်ပြင်းစွာ ရမ်းကားမောင်းနှင်း နေ၍ ပြည်သူများ ထိတ်လန့်နေရကြောင်း ရပ်ကွက်လူကြီး ဦးအာမန် မှ ပြောဆိုပါသည်။

mdw-clocktower
အကျဉ်းသားကား ကို ရဲတပ်ဖွဲ့ လုံခြုံရေးကား နှစ်စီးဖြင့် ရှေ့နောက်ညှပ်၍  မောင်တောမြို့ သို့ ၀င်ရောက်သည့် အချိန် မှ စ၍  အရှိန်ပြင်းစွာရမ်းကား မောင်းနှင် သောကြောင်း၊ လမ်းပေါ်ရှိ လူ နှင့် တခြား သွားလာနေသော ယာဉ်များ လမ်းဘေးသို့  ထွက်ရှောင်ပြေးနေရသဖြင့် ပြည်သူများ အထိ ဒုက္ခများ နှင့် ကြုံတွေ့နေရကြောင်း ဦးအာမာန် မှ ပြောဆိုသည်။

အကျဉ်းသားကားသည် မောင်တောမြို့ပေါ်တွင် အလွန်အရေးပါးသော ကားတစီးကဲ့သို့ ရဲတပ်ဖွဲ့ဝင်များက ခရာ မှုတ်ပြီး သွားလာနေခြင်းသည့် ပြည်သူများအတွက် ထူးဆန်းသကဲ့သို့ ခလေးသူငယ်များ  နှင့် ကျောင်းသား အတွက် အလွန် ပြဿနာဖြစ်နေသည်။ ၄င်းကားသွားလာသော အချိန်သည် ကျောင်းသားများ နှင့် ပြည်သူများ သွားလာသော အချိန်ဖြစ်သည့် အတွက် ဖြေးဖြေးမောင်းနှင် သွားရန် ပြည်သူများ  တောင်းဆိုသော်လည်း ဂရုမစိုက်၊ ကားကို အရှိန်ပြင်းစွာ မောင်းနှင်လျက် ရှိကြောင်း ကျောင်းသားမိဘ ဦး နူရ်အာလာမ် မှ ပြောဆိုသည်။

အကျဉ်းသားကားသည် နံနက် ၉ နာရီခွဲတွင်  သွားပြီး၊ ညနေ ၄ နာရီတွင် ဘူးသီးတောင် သို့ပြန်သည်။   မောင်တောခရိုင်တွင် ဘူးသီးတောင်မြို့တွင် သာ အကျဉ်းထောင်တခုသာ ရှိသည်။

အောက်တိုဘာလ (၆) ရက်နေ့တွင် ရွှေဇားကျေးရွာအုပ်စု၊ ဂုနားရွာနေ မာမတ် ဖိုက်ဆဲလ် (ဘ) ဦးလာလူး (အသက် ၂၀ နှစ်) သည် ၎င်း၏ အစ်ကို ဦးမာမတ် အားယာစ် (အသက် ၃၂ နှစ်) ပိုင်ဆိုင်သည့် မှန်လုံကားဖြင့် ညနေ (၄) နာရီ အချိန်တွင် မောင်းနှင်လာနေစဉ် မြို့ပေါ် နာရီစင်အနီး အရောက်တွင် ရှေ့တွင် ကားတစ်စီး ရှိနေခြင်းကြောင့် ကားကို ဖြေးဖြေးမောင်းနေစဉ် မောင်တော ခရိုင် တရားရုံးမှ လာနေသည့်  ရဲတပ်ဖွဲ့ဝင်များ နှင့် အကျဉ်းသားများ သယ်ဆောင်သည့် ကားကို လမ်း ဖယ်မပေးဟု ဆိုကာ  ရဲတပ်ဖွဲ့ဝင်များသည်  ထိုနေရာတွင် ရပ်တန့်လိုက်ပြီး မာမတ်ဖိုက်ဆဲလ်ကို ကားထဲမှ အတင်းဆွဲထုတ်ကာ သေလုမျောပါး ဖြစ်သည့် အထိ ၀ိုင်းဝန်း ထိုးကြိတ်၍ မာမတ် ဖိုက်ဆဲလ် ကို ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ ကားပေါ်တင်၍ မောင်တောမြို့နယ်၊ သုံးမိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ ၏  ယာယီ အချုပ်ခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း နာရီစင်အနီးရှိ ပြည်သူများ နှင့်  ဖိုက်ဆဲလ်၏  ဆွေးမျိုးများ၏  ပြောပြချက်အရ သိရသည်။

မာမတ်ဖိုက်ဆဲလ်  မောင်းနှင်လာသည့် ကားကို မြို့နယ် ရဲစခန်းမှ လာရောက်ပြီး ရဲစခန်းသို့ ယူဆောင် သွားကြောင်းသိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များကို လမ်းသွားလမ်းလာ ပြည်သူအများက တွေ့ရှိပြီး လူမဆန်သည့် လုပ်ရပ်အတွက် မြို့ပေါ်ရှိ ဒေသခံများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ဆိုသည်။

မာမတ် ဖိုက်ဆဲလ်ကို အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၄) နာရီ အချိန်ထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် (၈) သိန်း ညှစ်ယူ၍ ပြန်လည် လွတ်ပေးခဲ့ကြောင်း သိရသည်။

Advertisements
Tagged with: , , , , ,
Posted in Burmese, News

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

IF YOU CAN NOT SEE BURMESE , PLEASE DOWNLOAD FONT HERE
Witness to horror
Countdown to Annihilation: Genocide in Myanmar
Census documents – သန်းခေါင်စာရင်း မှတ်တမ်းများ
Restless Beings: Rohingya Press Conference
%d bloggers like this: